ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  Talk  Show  ပြုလုပ်မှုသတင်း - ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့ ၊ နံနက်  (ဝ၉:၀၀) နာရီအချိန်မှစ၍ နံနက် (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြ မြို့နယ်အတွင်းရှိ မုဆိုးကွင်းကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ တောင်ဒီးရွာသစ်ကျေးရွာ၊ တောင်ပေါ်စုကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို  အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူပူးပေါင်း၍ (၁၈-၉-၂၀၂၀)ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကဒန်းကြီးကျေးရွာ၊ မကျီးချောင်းကျေးရွာ၊ ဖိုးတုန်းကျေးရွာ၊ လိပ်ကုန်းကျေးရွာ၊ ကတန်းလေးကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်းများကို အများ ပြည်သူများ သိရှိလိုက်နာရန် Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ကြူကျေးရွာ၊ ပန်ယောင်းကျေးရွာ၊ နမ့်ကိုင်ကျေးရွာ၊ နမ့်ဆီ(၁)ကျေးရွာနှင့် နမ့်ဆီ(၄) Covid-19 ကူးစက်ရောဂ်နှင့်ပတ်သက်၍ ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလအတွင်းဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေးတို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ထနောင်းတောကျေးရွာ၊ တောဘိုကုန်းကျေးရွာ၊ ဘုမ္မနိုးကျေးရွာ၊ ခံကုန်းကျေးရွာ နှင့် ပေါက်ရွာကလေးကျေးရွာတို့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနိုးဆော်ခြင်းများကို ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၁၇-၉-၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) မှလူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၆,၃၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်အား ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟသာဒုံးကျေးရွာအုပ်စု၊ ဟသာဒုံးကျေးရွာနှင့် ကုလားကျွန်းကျေးရွာတို့တွင် (၁၇-၉-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၇၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၈၁,၉၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၇၈၁,၉၀ဝ) ကျပ်အား (၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more