ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လဝကဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်ဝင်းစန္ဒာကြည်၊ မြိတ်ခရိုင်ဦးစီးမှူး၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၉-၉-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပုလော မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် သမုတ်တောင်ကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်းသို့ ယာယီ ပြောင်းရွှေ့ ထားသော ရေဘေးသင့်လူဦးရေ (၆၀၅) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁,၂၇၀,၅၀ဝ/-) ကျပ်အား  (၂၀-၉- ၂၀၂၀)ရက်နေ့ (၁၀:၃၀)ချိန်တွင်လည်းကောင်း ပုလောကုန်းကျေးရွာမှ ပုလောကုန်းဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ထား သော ရေဘေးသင့်လူဦးရေ (၁၄၅) ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံငေွ (၃၀၄၅၀၀/-) ကျပ်အား (၂၁.၉.၂၀၂၀) ရက်နေ့ (၁၂:၃၀) အချိန်တွင်လည်းကောင်း စုစုပေါင်းလူဦးရေ(၇၅၀)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၅၇၅၀၀၀/-)ကျပ်အား ထောက်ပံပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#tny_sep2020

Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events