ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပုလော မြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီး နစ်မြုပ်ခဲ့သော ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှ တောင်ဝိုင်းဘုန်းကြီးကျောင်းသို့ယာယီ ပြောင်းရွှေ့ထားသော ရေဘေးသင့် လူဦးရေ (၁၇)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးထောက်ပံငေွ (၃၅၇၀၀)ကျပ်အား (၂၁.၉.၂၀၂၀)ရက်နေ့(၁၂:၃၀)အချိန်တွင် ထောက်ပံ့ ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#tny_sep2020

Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events