Latest News
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်မှုသတင်း
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လဝကဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်ဝင်းစန္ဒာကြည်၊ မြိတ်ခရိုင်ဦးစီးမှူး၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၉-၉-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်းနိုလ်၏ အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ပုလော မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် သမုတ်တောင်ကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်းသို့ ယာယီ ပြောင်းရွှေ့ ထားသော ရေဘေးသင့်လူဦးရေ (၆၀၅) ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၁,၂၇၀,၅၀ဝ/-) ကျပ်အား (၂၀-၉- ၂၀၂၀)ရက်နေ့ (၁၀:၃၀)ချိန်တွင်လည်းကောင်း ပုလောကုန်းကျေးရွာမှ ပုလောကုန်းဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့ထား သော ရေဘေးသင့်လူဦးရေ … Read more
-
COVID-19 ကူးစက်ရောဂါ ဒုတိယကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၉.၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ နမ့်ခတ်ကျေးရွာ၊ ကယ်ဝှက်(၂)ကျေးရွာ၊ မိုင်းအင်းကျေးရွာ၊ အာခါဒေကျေးရွာနှင့် လွိုင်ကိုကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူ အကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များ ဖြင့် လှည့်လည် ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ သီတာလမ်းတွင် (၁၉-၉-၂၀၂၀)ရက်နေ့တွင် လေဘေး ဖြစ်ပွားခဲ့သောကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ ဘေးသင့်အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀,ဝဝဝ/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၀,၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၀,၅ဝဝ/-)ကျပ်အား လည်းကောင်း၊ ထန်းတောစုအုပ်စု၊ ရွာဟောင်းကုန်းကျေးရွာတွင်(၂၀-၉-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံး၊ ဘေးသင့်အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,ဝဝဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ် ထောင်စာ တန်ဖိုး(၃၄,၇၅၃/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး(၁၄၃,၁၅၃/-)ကျပ်အား (၂၁-၉-၂၀၂၀) ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၌ “ဓနု “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့၊ ဆင်ခေါင်းရပ်ကွက်နှင့် အနောက်ရပ်ကွက်တို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker ဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လွိုင်လင်Covid-19ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ Loi Kham Women Organization အဖွဲတို့နှင့်ပူးပေါင်း၍ (၂၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:ဝ၀) နာရီမှ(၁၀:၀၀) နာရီထိ လွိုင်လင်မြို့၊ မြို့မစျေးနှင့် ဗိုလ်ချုပ်လမ်းမကြီး(နာရီစင်)အနီးပတ်ဝန်းကျင်တို့၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ အသိပညာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ဖြန့်ဝေခြင်းနှင့် Vinly များကပ်ခြင်းတို့ … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ် (၈) ရပ်ကွက်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၀၆၃၀၀/-)ကျပ်အား (၂၁-၉-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) အချိန် တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #ayy_sep2020









