လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၉.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဖြူမြို့နယ်၊ သဲချောင်း ကျေးရွာအုပ်စု၊ ပသျှူးရေကျေးရွာတွင် ပင်လယ်ဒီရေလှိုင်းခတ်မှုကြောင့် ရေဘေးသင့်တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၅) အိမ် အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀ဝ/-) နှင့် လူဦးရေ (၂၆)ဦးအတွက်ဆန်ရိက္ခာဖိုး (၅၆,၄၀၀/-)ကျပ်၊ စုစုပေါင်း (၂၀၆,၄၀ဝ/-) ကျပ်အား (၂၃.၉.၂၀၂၀ရက်) (၁၃:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_fld
#tny_sep2020
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)