ပင်လယ်ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၉.၂၀၂၀)ရက် နေ့တွင် ဖြစ်ပွားခဲ့သော ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ဖားချောင်းအင်းကျေးရွာတွင် ပင်လယ်ဒီရေ လှိုင်းခတ်မှုကြောင့် ရေဘေးသင့်လုံး၀ပျက်စီးနေအိမ်(၇)အိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၇၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု(၇)စာနှင့် လူဦးရေ (၃၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၆၅,၁၀၀/-)ကျပ်၊ စုစုပေါင်း (၇၆၅,၁၀ဝ/-)ကျပ်အား (၂၃.၉.၂၀၂၀ရက်) (၁၁:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#tny_sep2020

Source:   တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events