Latest News
-
COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ အင်းလျာကုန်းကျေးရွာ၊ လှေတော်ရုံကျေးရွာ၊ လယ်တီကျေးရွာ၊ ဆင်ကူး(အနောက်)နှင့် ဆင်ကူး(အရှေ့) ကျေရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်တို့နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာနှင့် သရက်တောကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအားအသံချဲ့စက်များဖြင့်လည်းကောင်း ရေဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀)ရက်နေ့ တွင် ကြံခင်းမြို့နယ်၊ ကလို့ကွင်းအုပ်စု၊ (ကလို့ကွင်းအနောက်၊ပေတော၊ ကွင်းလှ၊ညောင်ကုန်း၊ ကလို့ကွင်းအရှေ့၊အင်းကောက်)ကျေးရွာတို့တွင် နံနက် (၁၁:၀၀)နာရီအချိန်မှ (၁၃:၃၀)နာရီ အချိန်ထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တပြေးညီထုတ်ပြန် လျှက်ရှိသည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်သည့် အသိပညာပေးခြင်းတို့ အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ … Read more
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၄-၉-၂၀၂၀) ရက်နေ့တွင်မိုင်းဆတ်မြို့နယ်၊ တောင်လှေကားကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၇:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ သဖန်းတုံးကျေးရွာ၊ ရွာသာအေးကျေးရွာနှင့် လိပ်ခြံကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းနှင့် Mask များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
IDPs စခန်းများ၌ ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 ကာကွယ်ရန် လူ (၁) ဦးလျှင် ဆပ်ပြာ (၁) ခဲနှုန်း၊ စခန်း (၁) ခုလျှင် ထုံး (၁၀) အိတ် နှုန်းဖြင့် လွယ်ဂျယ်မြို့ရှိ လီဆူ IDPs စခန်းတွင်အိမ်ထောင်စု (၂၁၁) စု၊ လူဦးရေ (၁,၂၁၅) ဦး၊ နှစ်ခြင်း IDPs စခန်းတွင်အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၂၄၁) ဦး၊ RC Idps … Read more









