လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၇:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်ထိ ဆိပ်ဖြူမြို့နယ်အတွင်းရှိ သဖန်းတုံးကျေးရွာ၊ ရွာသာအေးကျေးရွာနှင့် လိပ်ခြံကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းနှင့် Mask များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)