
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 ကာကွယ်ရန် လူ (၁) ဦးလျှင် ဆပ်ပြာ (၁) ခဲနှုန်း၊ စခန်း (၁) ခုလျှင် ထုံး (၁၀) အိတ် နှုန်းဖြင့် လွယ်ဂျယ်မြို့ရှိ လီဆူ IDPs စခန်းတွင်အိမ်ထောင်စု (၂၁၁) စု၊ လူဦးရေ (၁,၂၁၅) ဦး၊ နှစ်ခြင်း IDPs စခန်းတွင်အိမ်ထောင်စု (၃၈) စု၊ လူဦးရေ (၂၄၁) ဦး၊ RC Idps စခန်းတွင် အိမ်ထောင်စု (၆၇) စု၊ လူဦးရေ (၄၁၈) ဦး၊ ဆိုင်းဂျာ Idps စခန်းတွင် အိမ်ထောင်စု (၄၄) စု၊ လူဦးရေ (၂၇၄) ဦး၊ ညောင်နှစ်ပင် Idps စခန်းတွင် အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၂၉၃) ဦး၊ ထန်းည IDPs စခန်းတွင် အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၁၁၈) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၄၃၂) ဦး၊ လူဦးရေ (၂,၅၅၉) ဦး၊ တို့အတွက် ဆပ်ပြာ (၂,၅၅၉) ခဲ၊ ထုံး (၆၀) အိတ်တို့အား (၂၄-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် IDPs စခန်းနေမိသားစုများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#kcn_sep2020