Latest News
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ မြို့ဟောင်းရပ်ကွက်၊ အောင်ဘုံကျေးရွာ(တောင်၊မြောက်)တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးမှူးရုံး (ဘစမ) #ar #mgy_sep2020
-
COVID-19 ကူးစက်ရောဂါ(ဒုတိယလှိုင်း)နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀)ရက်နေ့၊(၀၉:၀၀)နာရီ အချိန်မှစ၍အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူပေါင်း၍ အင်္ဂပူမြို့နယ်၊ ထူးဝအုပ်စု၊ အလယ်စုကျေးရွာ၊ တံတားဦးကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ဝန်လိုကုန်းကျေးရွာ၊ ကြာနီ( အနောက်)ကျေးရွာ၊ ထူးဝကျေးရွာနှင့် သုံးတန်ကူးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်နှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့်ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအသိပညာများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ (၀၁:၀၀)အချိန်မှ (၀၃:၀၀)အချိန်ထိ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ပင်လယ်ဒီရေမြှင့်ချိန် လေပြင်းတိုက်ခတ်မှုကြောင့် ရေလှိုင်းပုတ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအပ်စု၊ အောက်ဆိပ်ကျေးရွာနှင့် ပသျှူးချောင်းကျေးရွာတို့၌ အိမ်ခြေ(၄၀)လုံး အိမ်ထောင်စု(၁၇၈)စုတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀၀ /-) ကျပ်၊ လူဦးရေ(၁၇၈)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၇၃၈၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၄၃၇၃၈၀၀ /-)ကျပ်အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှလည်းေကာင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တန်ဖိုးငွေ … Read more
-
(COVID-19 Economic Relief Plan-CERP)အရ ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုသမှုအစီအစဉ်( COVID-19 Economic Relief Plan- CERP)အရ မောင်တောခရိုင်၊ ဘူးသီး တောင်မြို့ ၊ရန်အောင်မြေဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု( ၁၇၁) စု၊ လူဦးရေ (၆၄၉)ဦး ၊လမ်းမဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၅၈၀) စု ၊လူဦးရေ (၂၄၉၆) ဦး ၊ဂန္ဓာရီတောရပရဟိတဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၆၉) စု၊ လူဦးရေ (၃၅၇) ဦး၊ မြတောင်ဘုန်းကြီးကျောင်းစုရပ်မှ အိမ်ထောင်စု (၂၀၅) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မင်းရပ်ရပ်ကွက်၊ နယ်မြေ(၉)ဗိုလ်ချုပ်လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၁၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၂၁၆၈၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး(၁)အိမ်ထောင်စာတို့အား (၂၄-၉-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်မီးသတ်ဦးစီး၊ မြို့နယ်ပြန်ဆက်ဦးစီး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_sep2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ် ရွှေမြိုင်သီရိရပ်ကွက် နှင့် ဇေယျာသီရိရပ်ကွက်များသို့ COVID-19 ကူးစက်မှုများမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့်မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းတို့အားပြုလုပ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









