လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၀) ရက်နေ့ (၀၁:၀၀)အချိန်မှ (၀၃:၀၀)အချိန်ထိ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ ပင်လယ်ဒီရေမြှင့်ချိန် လေပြင်းတိုက်ခတ်မှုကြောင့် ရေလှိုင်းပုတ်ပြီး ထိခိုက်ပျက်စီးခဲ့သည့် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအပ်စု၊ အောက်ဆိပ်ကျေးရွာနှင့် ပသျှူးချောင်းကျေးရွာတို့၌ အိမ်ခြေ(၄၀)လုံး အိမ်ထောင်စု(၁၇၈)စုတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀၀ /-) ကျပ်၊ လူဦးရေ(၁၇၈)ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၇၃၈၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ဖိုးငွေ(၄၃၇၃၈၀၀ /-)ကျပ်အား မွန်ပြည်နယ်ဦးစီးမှူးရုံးမှလည်းေကာင်း၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး တန်ဖိုးငွေ (၁၄၉၂၂၇၀)တို့အား ရေးမြို့နယ်ဦးစီးမှူးရုံးမှ လည်းကောင်း (၂၃-၉-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီချိန်တွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw
#mon_sep2020
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events