
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မင်းရပ်ရပ်ကွက်၊ နယ်မြေ(၉)ဗိုလ်ချုပ်လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၁၆၈၀၀)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၂၁၆၈၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး(၁)အိမ်ထောင်စာတို့အား (၂၄-၉-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လက်ပံတန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်မီးသတ်ဦးစီး၊ မြို့နယ်ပြန်ဆက်ဦးစီး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#bgo_sep2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)