Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၉.၂၀၂၀) ရက်နေ့တွင် (၀၉:၀၀)နာရီမှ စတင်၍ (၁၂:၀၀)အချိန်ထိ ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာအုပ်စု၊ ပခန်းကြီးကျေးရွာ၊ မြောက်ပြင်ကျေးရွာ၊ ရွာသာကျေးရွာနှင့် သက်ရွာကျေးရွာတို့တွင် COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ကလေးပြုစုရေးဌာနများနှင့် ဝန်ကြီးဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ လာရောက်လှူဒါန်း
စက်တင်ဘာလ ၊ ၂၉ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ကလေးပြုစုရေး ဌာနများနှင့် ဝန်ကြီးဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာ များတွင် အသုံးပြုရန် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများကို ဗိုလ်ချုပ်မောင်မောင်ဆွေ (ငြိမ်း) နှင့် ဇနီး ဗိုလ်ကြီးဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လက်ခံခဲ့ပါသည်။ အလှူရှင် ဗိုလ်ချုပ် မောင်မောင်ဆွေ(ငြိမ်း)က … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
စက်တင်ဘာ ၂၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ ရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေးကိစ္စများကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူး များနှင့် ယမန်နေ့နံနက်ပိုင်းတွင် အွန်လိုင်း စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ အမှတ်(၁၊ ၂၊ ၃)ရပ်ကွက်တို့တွင် Covid-19 ကူးစက်မှု မဖြစ်ပွားစေရန်နှင့် အမိန့်ညွှန်ကြားချက်များအား (၂၉-၉-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀- ၉-၂၀၂၀) ရက်နေ့၌ ဖောင်းပြင်မြို့၏ ချင်းတွင်းမြစ်ရေသည် (၁၂၅၁ စင်တီမီတာ) သို့ ရောက်ရှိနေပါသဖြင့် ဖောင်းပြင်မြို့ယာယီပျံကျဈေးအတွင်း ပြည်သူများအား ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_sep2020 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၉-၂၀၂၀)ရက်နေ့ ညနေပိုင်း တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ်ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ နမ့်ဖက်အွမ်ကျေးရွာ၌ COVID-19 ကူးစက်မှုမဖြစ်ပွား စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့်လှည့်လည်ဟောပြောခဲ့ပြီး COVID-19 ကာကွယ်နိုင်ရန် Mask နှာခေါင်းစည်းအသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်းစည်းကို အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေးစနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များဖြန့်ပေးဝေခြင်းနှင့် အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား … Read more









