လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည်(၅-၁၀-၂၀၂၀)ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ဝမ်ပိန်းကျေးရွာ အုပ်စု၊ဟိုခိုင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင် စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၂၀၀၀၀၀/-)၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာကျပ်(၈၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂၀၈၄၀၀-/)အား(၉-၁၀-၂၀၂၀)ရက်နေ့၊ နံနက် (၁ဝး၀၀)အချိန်တွင်နမ့်စန် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_oct2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)