လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​(၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၉:၀၀)နာရီမှ (၁၉:၂၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ကံမမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နှင့် ဂျွန်းတောင်ကျေးရွာအုပ်စု၊ ဂျွန်းတောင်ကျေးရွာတွင် လူနေအိမ် (၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၆ )လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေကျား (၁၅)ဦး၊ မ (၁၃)ဦး၊ စုစုပေါင်းလူဦးရေ (၂၈)ဦး လေဘေးသင့်ခဲ့ပြီး အဆိုပါဘေးသင့် နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၅၈၈၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၅၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၇၃၈၀၀) အား (၉.၁၀.၂၀၂၀) ရက်​နေ့၊ နေ့လည် (၁၁:၃၀)အချိန်တွင် ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ​ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_oct2020

Source:             သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events