Latest News
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာ (၉.၁၀.၂၀၂၀)ရက်နေ့ဖြစ်ပွား သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်အား (၁၁.၁၀.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့် ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_oct2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာနှင့် ကြိမ်ချောင်း ကျေးရွာ တို့၌ (၉-၁၀-၂၀၂၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှံးခဲ့သည့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၀၀ဝ/-)၊ စုစုပေါင်းလူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၆၈၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၆၈၀ဝ/-)ကျပ်အား (၁၁-၁၀-၂၀၂၀) ရက်နေ့ (၁၁:၀၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2020 Source: … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မရမ်းကုန်းရပ်ကွက်၊ ဇောင်းယားပင်ဆိပ် (၃)လမ်းတွင် (၈-၁၀ -၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀ဝ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၁၂၆၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၆၂၆၀ဝ/-)အား (၉-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် မရမ်းကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့် ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ha_sgw #ayy_oct2020 Source: … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၂၀) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ် မှုကြောင့် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇)စု မှ ပြိုလဲနေအိမ် (၂)လုံး၊ အမိုးလန်နေအိမ် (၁၅)လုံး၊ သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂)လုံးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ (၈၉၀၀၀/-)ကျပ်၊ လူဦးရေ (၇၂)ဦးအတွက် ဆန်ဘိုးထောက်ပံ့ငွေ (၁၅၁၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more
-
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၁.၁၀.၂၀၂၀) ရက်နေ့တွင် မြစ်ရေကြီးမှုအခြေအနေသတင်း
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင်ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၀)
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၁ ရက်) (မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =================================== မုန်တိုင်းငယ်အခြေအနေ —————————- ၁။ (က) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့(Vishakhapatanam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၂၃၅)မိုင်ခန့်နှင့် ကာကီနာဒါမြို့(Kakinadaha)၏ အရှေ့တောင်ဘက် ရေမိုင်(၂၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ … Read more









