စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းနှင်ပေးသူများနှင့် ယာဉ်ပေါ်တွင်လိုက်ပါကူညီဆောင်ရွက် နေသောစေတနာ့ဝန်ထမ်းများအား အသိပညာပေးခြင်းအစီအစဉ်တွင် ဒုတိယဝန်ကြီး ဦးစိုးအောင် Online ဖြင့် တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၁၇

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့်  မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ကားများဖြင့် COVID-19 ရောဂါပိုး ရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ ပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ် တွင် လိုက်ပါကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအားအသိပညာပေး အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့်ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် စေတနာ့ ဝန်ထမ်းများအား လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အား ဖွဲ့စည်းကာဆောင်ရွက်လျက်ရှိပြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း (MMA) နှင့် ပူးပေါင်း၍ စေတနာ့ ဝန်ထမ်းလက်စွဲစာအုပ်၊ စေတနာ့ဝန်ထမ်း နည်းပြလက်စွဲစာအုပ်များအား ပြုစုဖြန့်ဝေ ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ယခုတွင်လည်း COVID-19 ရောဂါပိုးနှင့် ထိတွေ့နေရသည့် အရေးပေါ် ယာဉ်မောင်းသူများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက်နေသူများအား ရောဂါပိုး မပြန့်ပွားစေရေးနှင့် ရောဂါကာကွယ်ရေးပစ္စည်းများအား စနစ်တကျဝတ်ဆင်ရန်နှင့် စွန့်ပစ် ပစ္စည်းများအား စနစ်တကျစွန့်ပစ်နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အသိပညာ ပေးခြင်းအား စတင်ဆောင်ရွက်နိုင်ရန်  အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူးရုံးက  စေတနာ့ဝန်ထမ်းများ စည်းရုံး စုစည်းပေးခဲ့ပါကြောင်း၊  (၁၃.၁၀.၂၀၂၀) ရက်နေ့တွင် နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ စေတနာ့ဝန်ထမ်း (၉၁)ဦးဖြင့် ပထမအကြိမ် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး၊ ယနေ့ ဒုတိယအကြိမ် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  အသိပညာပေး အစီအစဉ်တွင်  ပါဝင်ဆွေးနွေး ပေးကြမည့် မြန်မာနိုင်ငံဆရာဝန်အသင်းမှ Prof. Dr မြသီတာ၊ Prof .Dr မာမာကြည်၊  Dr.သောင်းလင်း နှင့် Dr.သာထက်အောင် တို့ကိုလည်း ကျေးဇူးအထူးတင် ပါကြောင်း ၊   အသိပညာပေးအစီအစဉ်ကတဆင့် လူနာတင်ယာဉ်ဖွဲ့စည်းပုံနှင့် အသက်ရှူ စက်များ အလုပ်လုပ်ပုံ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် နည်းလမ်း၊   ကာကွယ်ရေးပစ္စည်းများ စနစ်တကျဝတ်ဆင်သည့် နည်းလမ်းနှင့် စွန့်ပစ်အမှိုက် များနှင့် ပတ်သက်၍ စနစ်တကျဆောင်ရွက်ရန်နှင့် လူနာတင်ယာဉ်များတွင် ကိုယ်ဝန်ဆောင်မိခင် များ ပါလာပါက ဆောင်ရွက်ရမည့်   အခြေအနေများကို ဆွေးနွေးပေးမှာ ဖြစ်ပါကြောင်း၊ ယနေ့ အသိပညာပေး အစီအစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည့်အတွက် အလွန်ပင် ဝမ်းသာရပါကြောင်း၊ ယခုလိုအချိန်မှာ စေတနာ့ဝန်ထမ်းများအနေဖြင့် တက်တက် ကြွကြွ ဆောင်ရွက်ပေးနေကြသည့်အတွက် တစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါသည် ဟု ပြောကြားလိုပါကြောင်း၊ နောက်ထပ်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသီတာက အသိပညာပေး အစီအစဉ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး၊ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများမှ ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာသော စေတနာ့ဝန်ထမ်းများက သိလိုသည်များကို မေးမြန်းကြပြီး အပြန်အလှန် ဖြေကြားခြင်းကဏ္ဍဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအသိပညာပေးအစီအစဉ်သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြသီတာ၊ ပါမောက္ခဒေါက်တာမာမာကြည်၊ ဒေါက်တာသာထက်အောင်နှင့် ဒေါက်တာသောင်းလင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တိုင်းဦးစီးမှူးများနှင့် တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်း(၁၄၀)ဦးတို့  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_oct2020

Source: MOSWRR

Sign Up

Upcoming Events