တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀)ရက်နေ့နှင့် (၁၇-၁၀-၂၀၂၀) ရက်နေ့တို့တွင် လားရှိုးမြို့နယ်၊ ကုန်းမုံကျေးရွာအုပ်စု၊ နားယကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့သောကြောင့် အဆိုပါ ကျေးရွာနေပြည်သူ ကျား(၃၈)၊ မ(၁၀၀)၊ စုစုပေါင်း(၁၃၈)ဦး တို့သည် နမ့်ပေါင်ကျေးရွာအုပ်စု၊ နမ့်ပေါင်ကျေးရွာရှိ မြို့လယ်ဘုန်းကြီးကျောင်းသို့ တိမ်းရှောင် ခဲ့ကြရာ ၎င်းတိုက်ပွဲရှောင်အိမ်ထောင်စု(၄၂)စု၊ လူဦးရေ(၁၃၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၂၈၉,၈၀၀/-)ကျပ်အား (၁၇-၁၀-၂၀၂၀) ရက်နေ့တွင် နမ့်ပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#shn_oct2020

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events