Latest News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀) ရက်နေ့တွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် (၇/၈/၉) ရပ်ကွက်များတွင် လှည့်လည်၍ COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_oct2020
-
လေပြင်းဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ်၊ ဘီးလင်းကျေးရွာအုပ်စု၊ ဘီးလင်းရွာမကျေးရွာနှင့် သုံးဒေါင့်ကန်ကျေးရွာအုပ်စု၊ ညောင်ပတ်ကျေးရွာတို့တွင် (၁၆-၁၀-၂၀၂၀) ရက်နေ့နှင့် (၁၇-၁၀-၂၀၂၀) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၆)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၂၀၀၀၀/-)ကျပ်၊ လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၄၆၀၀/-)ကျပ်တိတိတို့အား (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေ/အုပ်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_oct2020 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မင်းမြေကျေးရွာအုပ်စု၊ သစ်တော်ကျေးရွာနှင့် ကနီကျေးရွာအုပ်စု၊ ကနီကျေးရွာတို့တွင် (၁၇-၁၀-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၈၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၄၆,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၆,၂၀၀/-)ကျပ်အား (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_oct2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့် ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ယုံ သလင်း၊ သဲဖြူယုန်၊ ဘေးချောင်) အုပ်စု၊ ကျေးရွာခွဲ (၃) ရွာ၌ (၁၆-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါး-၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာတို့အားလည်းကောင်း ၊ဇုက္ကနိကျေးရွာအုပ်စု၊ဇုက္ကနိကျေးရွာတွင် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ဖြစ်ပွားသော လေဘေးသင့် … Read more
-
မိုင်းထိဒဏ်ရာရ ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ အမှတ် (၁) ရပ်ကွက်မှ မိုင်းထိမှန်ဒဏ်ရာ ရသူ (၁) ဦးလျှင်(၅၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် ဒဏ်ရာရသူ (၂) ဦးအား စုစုပေါင်းထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်ကို (၁၉-၁၀-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်၌ ဒဏ်ရာ ရရှိသူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #kcn_oct2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်အတွင်း (၁၆-၁၀-၂၀၂၀) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ လိတ္တူကျေးရွာအုပ်စု၊ ကိုင်းတောကျေးရွာ၌ သစ်ပင်ပိ၍ သေဆုံးခဲ့သူ(၂)ဦး၏ ကျန်ရစ်သူမိသားစုထံ ထောက်ပံ့ငွေ (၆၀၀၀၀ဝိ/-)၊ အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၄၂၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၂၄၂၀ဝိ/-) တိတိကို ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၉-၁၀-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်မိဘပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









