ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ​​​အောင်ပန်း​ချောင်းကျေးရွာအုပ်စု၊​ အောင်ပန်း​ချောင်းကျေးရွာတွင်(၂၆-၇-၂၀၂၀)ရက်နေ့၊ (၁၀:၃၀)အချိန်၌ ချင်းတွင်းမြစ်​ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၄၇)လုံး၊ အိမ်ထောင်စု(၄၇)စု၊ လူဦးရေ(၂၁၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၇၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၄၄၉၄၀ဝိ/-)၊ စုစုပေါင်းကျပ်(၅၁၄၉၄၀ဝိ/-)အား(၂၇-၁၀-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း၊ ခလရ (၂၅၆)မှ ဗိုလ်မှူး ဇော်ဇော်နိုင် ဦးဆောင်သောတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဦးညီညီအောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းသွားရောက်​ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#mgy_oct2020

Source:             ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events