ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေလယ်သောင်ကျေးရွာနှင့် အထွဋ်ကျေးရွာအုပ်စု၊ ရုံးတောကျွေးရွာတွင်(၂၅-၁၀-၂၀၂၀)ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ​ကြိုတင်ရွှေ့ပြောင်းအိမ်​​ခြေ (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ်(၁၄၀၀၀၀၀ိ/-)၊ လူဦးရေ(၆၅)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ်(၁၃၆၅၀၀ိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၁၅၃၆၅၀၀ိ/-)တို့ကို(၂၇-၁၀-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_oct2020

Source:             ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events