လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား လယ်ဝေးမြို့နယ်၊ အမှတ်(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇)ရပ်ကွက်များအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_nov2020 Source:             နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာအုပ်စု၊ မီးလောင်ကျွန်းကျေးရွာတို့တွင်(၃၁-၁၀-၂၀၂၀ ) ရက်နေ့နှင့် (၃-၁၁-၂၀၂၀) ရက်နေ့တို့၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ (၇၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၅၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး(၁၄၇,၀၀ဝ) ကျပ်၊စုစုပေါင်း (၁,၆၄၇,၀၀ဝ) ကျပ်တို့ကို (၄-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mgy_nov2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးနေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့၊ မြို့မတောင်ကုန်းရပ်ကွက်တွင် (၃-၁၁-၂၀၂၀)ရက်နေ့(၂၀:၀၀)နာရီမှ (၂၂;၀၀)အချိန်ထိ မိုးသည်းထန်စွာရွာသွန်း၍ လောင်ထောင်ချောင်း ချောင်းရေမြင့်တက်မူကြောင့် နေအိမ်(၂)လုံး၊ တစ်စိတ်တပိုင်းပျက်စီး အိမ်ထောင် စု(၂)စု၊ လူဦးရေ (၉)ဦးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀ိ/-)၊ စုစုပေါင်း (၁၂၈၉၀၀ိ/-)တို့ကို မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရပ်ကွက်အုပ်ချုက်ရေမှူးတို့နှင့်အတူ (၄-၁၁-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fld #mgy_nov2020 Source:             ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ နီစပ်ကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာနှင့် မိချောင်းကျော်ကျေးရွာတို့တွင် (၂၉.၁၀.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထာင်စု (၃)စုမှ လူဦးရေ(၁၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၉၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၂၇၃၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၂၁၇၃၀ဝိ/-) အား (၄-၁၁-၂၀၂၀) ရက်နေ့၊  (၁၁:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_nov2020 Source:             မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၁-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (သုံးဆယ့်ခြောက်ကျေးရွာ၊ အိုးဘိုကျေးရွာ၊ ဂျပ္ပင်ကျေးရွာ)များတွင်လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပက်သတ်၍ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mgy_nov2020 Source:             ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ အင်္ဂပူမြို့နယ်၊ ကျီကြီးကျေးရွာအုပ်စု၊ ‌‌တူး‌မြောင်းကျေးရွာ၊ စီပင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာနှင့်‌ ကျောင်းကွင်းကျေးရွာအုပ်စု၊ အကျကွင်းကျေးရွာတို့တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့ လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်‌ခြေ(၄)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀)ကျပ်၊ ၄င်းအိမ်ထောင်စု(၄)စုရှိ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၄၆၂၀၀)ကျပ် -စုစုပေါင်းရန်ပုံငွေ (၂၃၆၂၀၀)ကျပ်ကို (၃-၁၁- ၂၀၂၀)ရက်နေ့(၁၅:၃၀)နာရီ အချိန်တွင်‌တာ၀န်ရှိသူများနှင့်အတူ‌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #ayy_nov2020 Source:             အင်္ဂပူခရိုင်ဦးစီးမှူးရုံး(ဘစမ)