လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှုးရုံးမှ အင်္ဂပူမြို့နယ်၊ ကျီကြီးကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ၊ စီပင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာနှင့် ကျောင်းကွင်းကျေးရွာအုပ်စု၊ အကျကွင်းကျေးရွာတို့တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့ လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော အိမ်ခြေ(၄)လုံး ပျက်စီးမှုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၉၀၀၀၀)ကျပ်၊ ၄င်းအိမ်ထောင်စု(၄)စုရှိ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၄၆၂၀၀)ကျပ် -စုစုပေါင်းရန်ပုံငွေ (၂၃၆၂၀၀)ကျပ်ကို (၃-၁၁- ၂၀၂၀)ရက်နေ့(၁၅:၃၀)နာရီ အချိန်တွင်တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_nov2020
Source: အင်္ဂပူခရိုင်ဦးစီးမှူးရုံး(ဘစမ)