လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့၊ မြို့မတောင်ကုန်းရပ်ကွက်တွင် (၃-၁၁-၂၀၂၀)ရက်နေ့(၂၀:၀၀)နာရီမှ (၂၂;၀၀)အချိန်ထိ မိုးသည်းထန်စွာရွာသွန်း၍ လောင်ထောင်ချောင်း ချောင်းရေမြင့်တက်မူကြောင့် နေအိမ်(၂)လုံး၊ တစ်စိတ်တပိုင်းပျက်စီး အိမ်ထောင် စု(၂)စု၊ လူဦးရေ (၉)ဦးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀ိ/-)၊ စုစုပေါင်း (၁၂၈၉၀၀ိ/-)တို့ကို မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မရပ်ကွက်အုပ်ချုက်ရေမှူးတို့နှင့်အတူ (၄-၁၁-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#mgy_nov2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)