လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နွန်းနီးယားကျေးရွာ၏ရွာ လယ်လမ်း(အကျယ်၁၈ပေ နှင့်အလျား၃၇၀၀ ပေ ခန့်ရှိ) သည် ရေများတဖြည်းဖြည်းစီးဆင်းရာမှ ချောင်းငယ်သဖွယ်ဖြစ်နေပါသဖြင့် ရွာလယ်လမ်းမြေဖို့ခြင်းလုပ်ငန်း​ ဆောင်ရွက်နိုင်ရန်အတွက် ​​ပဲခူးတိုင်းဒေသ​ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦး၊ ကျေးလက်လမ်းဖွံ့​ဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ရှိသူများသည် (၅.၁၁.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်း​ကြည့်ရှုတိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_nov2020 Source:             ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တော မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ နယ်မြေ(၂)၊ သဇင်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီး​လောင်ကျွမ်းပျက်စီး ဆုံးရှုံး ခဲ့သည့်  နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃)ပုံး (၁၀၄၅၅၉/-) အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၇)ရက်စာ(၂၅၂၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၂၅၂၀ဝ/-) ကျပ်အား (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း 

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ၌ (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃၃၇၈၀ဝ/-)ကျပ်အား (၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more

  • Covid-19 ကူးစက်ရောဂါ အသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​မှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅.၁၁.၂၀၂၀)ရက်နေ့၊ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၃:၀၀)နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့ ခုဒုံကျေးရွာ၊ အစွန်းကျေးရွာ၊ လန်းဖားကျေးရွာ၊ ကော့ဆိုင်ကျေးရွာတို့တွင်လှည့်လည်ပြီး လတ်တလောနိုင်ငံတိုင်းတွင် ဖြစ်ပွားလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_nov2020 Source:             ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့၊အောင်မေတ္တာ(က)ရပ်ကွက်တွင် (၄-၁၁-၂၀၂၀) ရက်နေ့တွင် မီးဘေးဖြစ်ပွားမှုကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူ‌ဦးရေ(၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၄၂၀၀)ကျပ်၊ စုစုပေါင်း(၁၀၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား ၅-၁၁-၂၀၂၀ ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_nov2020 Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၃.၁၁.၂၀၂၀)ရက်နေ့ ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကြီးကျေးရွာတွင်ဖြစ် ပွါးသော လေဘေးသင့်အမိုးလန်နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀ )ကျပ်၊ လူဦးရေ (၁၇ )ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၅၇၀၀)ကျပ်အား (၅.၁၁.၂၀၂၀)ရက်နေ့(၁၀း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #bgo_nov2020 Source:             ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)