လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၃.၁၁.၂၀၂၀)ရက်နေ့ ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကြီးကျေးရွာတွင်ဖြစ် ပွါးသော လေဘေးသင့်အမိုးလန်နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀၀၀၀ )ကျပ်၊ လူဦးရေ (၁၇ )ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၅၇၀၀)ကျပ်အား (၅.၁၁.၂၀၂၀)ရက်နေ့(၁၀း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_nov2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)