ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာ၌ (၄-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၈) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၃၃၇၈၀ဝ/-)ကျပ်အား (၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_nov2020

Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events