လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀) ရက်နေ့၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငန်ကျေးရွာ အုပ်စု၊ ရေငန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၀၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၀၅၀၀/-)ကျပ်အား (၆-၁၁-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီ အချိန်တွင် လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ပြန်/ဆက … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၁.၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီချိန်မှ နေ့လည် (၁၂:၀၀)နာရီချိန်ထိ လှိုူင်းဘွဲမြို့နယ်အတွင်းရှိ နားဒိုက်ကျေးရွာ၊ တခင်းလုံကျေးရွာနှင့် တဝန်ဖန်ရကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းကိုလည်း  ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #krn_nov2020 Source:             လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (ဖောင်းကတော (တောင်) ကျေးရွာ၊ ဖောင်းကတော (မြောက်) ကျေးရွာ၊ ကြည့်မြင် (တောင်) ကျေးရွာ) များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း​ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020  Source:  ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်း ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၂၀) ရက်နေ့တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်နှင့် မြို့ဟောင်း ရပ်ကွက်တို့တွင် COVID-19 အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_nov2020  Source:  ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 နှင့် သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၅-၁၁-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ် မဲအုံနောက်ကျေးရွာ၊ ဖွားဘုတ်ပြင်ကျေးရွာနှင့် ဘူချိုင်းကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #tny_nov2020 Source:             တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • လေဘေးထောက်ပံ့မှု သတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာနှင့် မြေနုကျေးရွာတို့တွင် (၄-၁၁-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၇)စု၊ လူ‌ဦးရေ(၂၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀)ကျပ်၊ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၀၉၀၀)ကျပ်၊ စုစုပေါင်း(၃၃၀၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား ၅-၁၁-၂၀၂၀ ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_sgw #mgy_nov2020   Source:             မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)