လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (ဖောင်းကတော (တောင်) ကျေးရွာ၊ ဖောင်းကတော (မြောက်) ကျေးရွာ၊ ကြည့်မြင် (တောင်) ကျေးရွာ) များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_nov2020
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)