Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၁.၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီချိန်မှ နေ့လည် (၁၂:၀၀)နာရီချိန်ထိ လှိုူင်းဘွဲမြို့နယ်အတွင်းရှိ နားဒိုက်ကျေးရွာ၊ တခင်းလုံကျေးရွာနှင့် တဝန်ဖန်ရကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းကိုလည်း  ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#krn_nov2020

Source:             လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events