Latest News
-
လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာ ဖိုးထောက်ပံငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ(၁) အိမ်ထောင်စာအား (၁၀-၁၁-၂၀၂၀) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၀) ရက် နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (ဥယျာဥ်စုကျေးရွာ၊ နတ်စင်ကကျေးရွာ၊ ယာကြီးပြင်ကျေးရွာ) များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပက်သတ်ပြီး ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာအုပ်စု၊ မယ်ဆည်နမ်ကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ နမ့်ပိန်းလိန်ကျေးရွာ၊ ကျောက်စုကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2020
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့်ရွှေလှံကျေးရွာတို့၌ (၄-၁၁-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ်(၁၄)လုံး၊ ဘေးသင့်လူဦးရေ(၅၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၄၇၇၆၀၀)ကျပ်တိတိအားလည်းကောင်း၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ (၁၁) လုံး၊ လူဦးရေ (၄၆) ဦးတို့အား ဆန်ရိက္ခာဖိုး(၉၆၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၀၀၀၀၀)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၁၉၆၆၀၀)ကျပ်တို့အား (၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ … Read more
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၉-၁၁-၂၀၂၀) ရက်နေ့တွင် ရေဖြူမြို့နယ်၊ ပရဒတ်ကျေးရွာနှင့် ဘဝါကျေးရွာများအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရေးနှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်များအား အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Mask များ ဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၃. ၁၁.၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ နောင်မီးကျေးရွာအပိုင်း(၄)တွင် ဖြစ်ပွားခဲ့သော ပျဥ်ခင်း၊ထရံကာ၊ သွပ်မိုး(၂)ထပ်၊ အောက်ထပ်အုတ်ကာနေအိမ်(၁)လုံးသည် ဆိုလာဘက်ထရီအားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဉီးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၁၀၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀ိ/)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၀၅၀၀ိ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁)ပုံးတို့အား (၉. ၁၁. ၂၀၂၀)ရက်နေ့၊ (၁၂း၃၀)နာရီအချိန်တွင် ဖားကန့်မြို့နယ်စုပေါင်းရုံး၌ ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_nov2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး … Read more









