မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၃. ၁၁.၂၀၂၀) ရက်နေ့၊ ဖားကန့်မြို့နယ်၊ နောင်မီးကျေးရွာအပိုင်း(၄)တွင် ဖြစ်ပွားခဲ့သော ပျဥ်ခင်း၊ထရံကာ၊ သွပ်မိုး(၂)ထပ်၊ အောက်ထပ်အုတ်ကာနေအိမ်(၁)လုံးသည် ဆိုလာဘက်ထရီအားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဉီးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၁၀၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀၀၀၀ိ/)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၀၅၀၀ိ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁)ပုံးတို့အား (၉. ၁၁. ၂၀၂၀)ရက်နေ့၊ (၁၂း၃၀)နာရီအချိန်တွင် ဖားကန့်မြို့နယ်စုပေါင်းရုံး၌ ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#kcn_nov2020

Source:             ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events