လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာအုပ်စု၊ မြေစွန်းတော်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့်ရွှေလှံကျေးရွာတို့၌ (၄-၁၁-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ်(၁၄)လုံး၊ ဘေးသင့်လူဦးရေ(၅၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀၀၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၄၇၇၆၀၀)ကျပ်တိတိအားလည်းကောင်း၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့သည့်အိမ်ခြေ (၁၁) လုံး၊ လူဦးရေ (၄၆) ဦးတို့အား ဆန်ရိက္ခာဖိုး(၉၆၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၁၀၀၀၀၀)ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း(၁၁၉၆၆၀၀)ကျပ်တို့အား (၉-၁၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_nov2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events