လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၀) ရက်နေ့တွင် ကလောမြို့နယ်၊ လယ်ခေါင်းကျေးရွာ၊ တောင်မြေခြားကျေးရွာနှင့် စံကားအင်းကျေးရွာများအတွင်း COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • တံတားအသစ်ပြန်လည် တည်ဆောက်ခြင်းအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနှင့် ကျောက်တံခါးမြို့ကြား ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ငါးဖယ်လောက်ချောင်းတံတားအသစ်ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်း အတွက်ထောက်ပံ့ငွေ (၉၉၅၀၀၀၀/-) ကျပ်အား (၁၀-၁၁-၂၀၂၀) ရက်နေ့‌ ၊ (၁၅:၃၀) နာရီအချိန်တွင် နံဇကျေးရွာအုပ်စု၊ နံဇကျေးရွာဓမ္မာရုံ၌ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နံဇကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တံတားဖြစ်မြောက်ရေးကော်မတီသို့ လွှဲပြောင်းထောက်ပံ့အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါကလောဒူကျေးရွာ အုပ်စု၊ နန်းဟူးတွေကျေးရွာ၊ ဒေါစဲကျေးရွာ၊ ဒေါတမြေးကျေးရွာ၊ ဒေါတငူးကျေးရွာ၊ တနီးလာလဲကျေးရွာ၊ ဒေါကလော်ဒူ ကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2020

  • COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၀) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်ရှိ ကျောက်ခဲကြီးကျေးရွာ၊ ဆိပ်ကြီးကျေးရွာ၊ မအူပင်ဆိပ်ကျေးရွာ၊ စပ်လဲကျေးရွာ၊ တမာခေါကျေးရွာနှင့် ကပ်ကျေးဆိပ်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများထံသို့ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2020 Source: ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက် နေသော စေတနာ့ဝန်ထမ်းများအား အသိပညာပေးခြင်းအစီအစဉ်တွင် ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက် အမှာစကားပြောကြား

    ~~~~~ Source: MOSWRR ~~~~~ နိုဝင်ဘာ ၁၀၊ နေပြည်တော် ~~~~~   အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ COVID-19 ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ယာဉ်များဖြင့် COVID-19 ရောဂါပိုးရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင်ပေးခြင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါကူညီဆောင်ရွက် နေသောစေတနာ့ဝန်ထမ်းများအား အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့်ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ … Read more

  • လူနေအိမ်ပေါ်သို့ သက်တမ်းရင့်ညောင်ကိုင်းကျိုးကျမှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်၌ (၁၀-၁၁-၂၀၂၀) ရက်နေ့၊ (၀၂:၃၀) နာရီအချိန်တွင် လူနေအိမ်ပေါ်သို့ သက်တမ်းရင့်ညောင်ကိုင်းကျိုးကျခဲ့ပါသဖြင့် လုံးဝပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ စုစုပေါင်းအိမ်ခြေ(၃)လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၂၀၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၄၂၀၀၀/-) ကျပ်တိတိနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါ … Read more