လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၂၀) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်ရှိ ကျောက်ခဲကြီးကျေးရွာ၊ ဆိပ်ကြီးကျေးရွာ၊ မအူပင်ဆိပ်ကျေးရွာ၊ စပ်လဲကျေးရွာ၊ တမာခေါကျေးရွာနှင့် ကပ်ကျေးဆိပ်ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများထံသို့ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)