တံတားအသစ်ပြန်လည် တည်ဆောက်ခြင်းအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနှင့် ကျောက်တံခါးမြို့ကြား ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ငါးဖယ်လောက်ချောင်းတံတားအသစ်ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်း အတွက်ထောက်ပံ့ငွေ (၉၉၅၀၀၀၀/-) ကျပ်အား (၁၀-၁၁-၂၀၂၀) ရက်နေ့‌ ၊ (၁၅:၃၀) နာရီအချိန်တွင် နံဇကျေးရွာအုပ်စု၊ နံဇကျေးရွာဓမ္မာရုံ၌ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နံဇကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တံတားဖြစ်မြောက်ရေးကော်မတီသို့ လွှဲပြောင်းထောက်ပံ့အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#bgo_nov2020

Sign Up

Upcoming Events