Latest News
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =========================================== “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း(မြန်မာ့ကမ်းလွန်)တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေသို့ ရွေ့လျားနိုင်သည်ဟု ခန်းမှန်းရပါသည်။” Source: DMH
-
ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ရေတိုက်စားမှုကြောင့်ပျက်စီးသွားသော အောင်မြင်မြို့နှင့် သဖန်းပင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ ရိုးချောင်းတံတား၊ သရက်စိန်ကျေးရွာနှင့် မိုးမခကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ တောင်ကျရိုးချောင်းတံတား၊ သရက်အုပ်ကျေးရွာနှင့် နတ်လောင်းကျေးရွာသို့ ဆက်သွယ်ထားသော လမ်းပေါရှိ လယ်ကြားရိုးတံတားတို့အား ပဲခူးတိုင်းဒေသကြီးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးကြည်ဇင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် (၃၀.၁၀.၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုတိုင်းတာမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_oct2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀.၁၀.၂၀၂၀)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ၊ ပီကင်းကောခူကျေးရွာ၊ ဝါရီကောခူကျေးရွာ၊ ဝါဆောင်ကျေးရွာများတွင် COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_oct2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၀.၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာ၌ (၂၉.၁၀.၂၀၂ဝ)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၅၄၂၀၀၀/-) ကျပ်အား ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ် အရောက်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၂၉.၁၀.၂၀၂၀) ရက်နေ့ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ မီးဘေးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်နှင့် Family Kits (၂)ပုံးတို့အား မီးဘေးသင့်ပြည်သူများထံသို့ (၃၀.၁၀၂၀၂၀)ရက်နေ့ (၁၂:၀၀)တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_oct2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID – 19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၀.၂၀၂၀)ရက်နေ့၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်၊ မြို့မရပ်ကွက်နှင့် အေးချမ်းသာရပ်ကွက်အတွင်းရှိ ပြည်သူများအား မိုးရာသီကာလအတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid – 19ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_oct2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)









