လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ သစ်ဖြူပင်ကျေးရွာ၊ နတ်ကန်ဦးကျေးရွာနှင့် အုတ်ရှစ်ကုန်းကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့်ပက်သတ်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)