ကျောက်ရောမြေစာများပြိုကျလာမှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ မော်၀မ်းရပ်ကွက်၊ မော်၀မ်းကြီးကျေးရွာရှိ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း၌ (၂- ၁၁-၂၀၂၀) ရက်နေ့တွင် ကမ်းပါးယံအမြင့်ပေ(၇၅)ပေခန့်မှ ကျောက်ရောမြေစာများပြိုကျလာမှုကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် (၃၀၀၀၀၀) ကျပ်နှင့် ဒဏ်ရာရရှိခဲ့သူ(၁)ဦးအတွက် (၅၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၅၀၀၀၀)ကျပ်တိတိအား (၁၁-၁၁-၂၀၂၀) ရက်နေ့၊ (၁၂:၄၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်၀ယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#kcn_nov2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events