ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဥယျာဉ်(၆)လမ်း၌ မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ - ကုန်းတွင်းမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၁/၂၀၂၆) - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၁၀/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၉/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၆) - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၇/၂၀၂၆) - အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၆/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ (၃၀.၁၀.၂၀၂၀)နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ဇင်းကျေးရွာအုပ်စု၊ ကုန်းကြီးအောက်ကျေးရွာနှင့် မြေနီကုန်းကျေးရွာတို့တွင် မိုးသက်လေပြင်းကြောင့် ပြိုလဲအိမ်(၂)လုံးနှင့် အမိုးလန်အိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၂၅၀၀၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၂)ပုံး၊ လူ (၁၁)ဦးအတွက် ဆန်ဘိုး (၂၃၁၀၀) စုစုပေါင်း (၂၇၃၁၀၀)အား (၁.၁၁.၂၀၂၀)နေ့ နံနက် (၁၀:၃၀)အချိန်တွင် သွားရောက်ထောက်ပံခဲ့ကြောင့် သတင်းရရှိပါသည်။   #ha_sgw #bgo_nov2020 Source:           ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးနေအိမ် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၀-၂၀၂၀) ရက်နေ့ ညနေ(၁၈:၁၇)အချိန်ခန့်၌ ကျောက်ပန်းတောင်းမြို့ ၊ ဘူတာရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေအိမ်အတွင်းရှိ ကန္တာရပင်ပြိုလဲမှုကြောင့် တစိတ်တပိုင်းပျက်စီးနေအိမ် (၁)လုံးမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၈၄၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀ဝိ/_)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀ဝိ/_)ကို (၁-၁၁-၂၀၂၀)ရက်နေ့ (၁၂:၀၀) အချိန်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_otr #mdy_nov2020 Source:           ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ရောဂါနှင့် စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၁-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀) နာရီချိန်မှ နေ့လည် (၁၂:၀၀) နာရီချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ ခူနီကျေးရွာ၊ တောင်ကမ္မရိုက်ကျေးရွာနှင့် သမိန်ဒွတ်ကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့ စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်း ကိုလည်း ကျေးရွာရှိ Volunteer များနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_nov2020 … Read more

  • မီးဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊လယ်ဝေးမြို့နယ်၊ အမှတ်(၆)နယ်မြေ (၇)၌ (၃၁-၁၀-၂၀၂၀)ရက်နေ့ (၁၀:၅၅) အချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၇၈၀ဝိ/-)၊ မီးဘေးသင့်အိမ်ထောင်စု(၃)စုစာအတွက် ထောက်ပံ့ငွေ(၅၀၀၀၀ဝိ/-) ၊ စုစုပေါင်း ထောက်ပံ့မှုငွေ(၅၃၇၈၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၃)အိမ်ထောင်စုစာတို့အား (၁.၁၁.၂၀၂၀)ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #npw_nov2020 Source:           နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • တစိတ်တပိုင်းပျက်စီးနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့မမြောက်ရပ်ကွက်၊ သပြေတန်းရပ်တွင် (၃၀.၁၀.၂၀၂၀)ရက်​​နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စား၍ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ၊ လူဦးရေ(၁၄)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၂၉၄၀၀)၊စုစုပေါင်းထောက်ပံ့ငွေ(၁၂၉၄၀၀) ​အား (၃၁-၁၀-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_rbe #mgy_oct2020 Source:           ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ ထမ်ယမ်းကျေးရွာအုပ်စု၊ လွယ်ရိုး(ထက်)ကျေးရွာ၌ (၂၇-၁၀၂၀၂၀)ရက်နေ့၊(၁၁း၀၀)နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀ဝိ/-)၊ မီးဘေးသင့်လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၃၆၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၃၃၆၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၃)မျိုးအား (၃၁-၁၀-၂၀၂၀)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fir #shn_oct2020 Source:           မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)