COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၁-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်ထိ ဘားအံမြို့နယ်၊ ကော့ပေါက်ကျေးရွာ၊ ကော့သာခေါင်ကျေးရွာ၊ ကော့စိန်ဘန်အောက်ကျေးရွာ၊ နောင်အီပုန်ကျေးရွာ၊ မူးတခွီးကျေးရွာ၊ ဖြတ်လှိုင်းကျေးရွာ၊ ဒုံသို့ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန် သိရှိလိုက်နာရမည့်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး Mask များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_nov2020
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events