မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၁-၂၀၂၀) ရက်နေ့၌ ဟင်္သာတမြို့နယ်၊ ကရင်အင်းကျေးရွာအုပ်စု၊ ကရင်အင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လောင်ကျွမ်းအိမ်ခြေ (သစ်-၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၀၀၀/-) ကျပ် နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၂) အိမ်ထောင်စာကို (၁၁-၁၁-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ကရင်းကျေးရွာ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်ထံသို့ ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ayy_nov2020

Sign Up

Upcoming Events