Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာအုပ်စု၊ မာန်မြေအရှေ့စုကျေးရွာတွင် (၂.၁၁.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)၊ လူဦးရေ(၂၂)ဦးအတွက်ဆန်ရိက္ခါ (၇)ရက်စာ(၄၆၂၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၆၂၀၀) အား (၃.၁၁.၂၀၂၀)ရက်နေ့(၁၈:၃၀)အချိန် ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် FUTURE LIGHT အဖွဲ့နှင့်အတူ (၃-၁၀-၂၀၂၀)ရက်နေ့၌ ရေဖြူမြို့နယ် မူးဒူးနှင့် ထိန်ကြီးကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်း၊ Maskများဝေငှပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေး ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဇီးဖြူပင် ကျေးရွာအုပ်စု၊ ကျွန်းကလေး ကျေးရွာ၌ (၂၈-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်အား (၃-၁၁- ၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ ကဒီးကျေးရွာ၊ ကွင်းအမှတ်(၁၁၉၅)တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကဒီးကျေးရွာမှ မိုးကြိုးထိမှန်၍ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀ိ/-)အား (၃-၁၁-၂၀၂၀)ရက်နေ့ (၁၃:၀၀)အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ သေဆုံးသူ၏ ဆွေမျိုးထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mdy_nov2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်သူများအား Covid-19 အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ပျဉ်းမနားမြို့နယ်၊မန်ကျည်းတောရပ်ကွက်၊ ပေါင်းလောင်(၁)ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ ဘိုမင်းခေါင်ရပ်ကွက်၊ ပန်းခင်းရပ်ကွက်ရှိ ပြည်သူများအား အသိပညာပေးခြင်းများ ထိရောက်စွာဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင်(၂၈-၁၀-၂၀၂၀)ရက်နေ့၊(၀၈:၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁၀)လုံး၊ အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၅၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး(၁၁၅၅၀ဝိ/-)၊ စုစုပေါင်းကျပ်(၁၁၁၅၅၀ဝိ/-)အား(၃-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









