
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲရှောင်စုရပ်(၇)ခုတွင် ရောက်ရှိ ခိုလှုံလျက်ရှိသော အိမ်ထောင်စု(၁၉၇)စု၊ လူဦးရေ(၆၀၇)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုး ထောက်ပံငွေ(၂၅၄၉၄၀၀/-)ကျပ် အား (၁၁-၁၁-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ ချောင်းဝကျေးရွာအုပ်စု၊ ကုလားဘာကျေးရွာစာသင်ကျောင်းတွင် ရောက်ရှိ ခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၀၈)ဦးတို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာဖိုးထောက်ပံ့ငွေ (၄၅၃၆၀၀/-)ကျပ်အား (၁၂-၁၁-၂၀၂၀)ရက်နေ့တွင် တိုက်ပွဲရှောင်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#rke_nvo2020