လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၉) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် အဆောက်အဦ၌ ယာယီရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၂-၁၁-၂၀၂၀) ရက်နေ့မှစ၍ အမှတ်(၉)၊ ရက်ကွက် (၂)၊ ထီးလှိုင်လမ်းဘေးတွင် တည်ဆောက်ပြီးစီးပြီဖြစ်သည့် ဦးစီးဌာနပိုင် ရုံးအဆောက်အဦအသစ်သို့ ပြောင်းရွှေ့ပြီး ရုံးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)