Latest News
-
Covid-19 ကူးစက်ရောဂါဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ဘိန်းဗျောကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေး ကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် ကျောက်မဲမြို့၊ မွေတော်ကျေးရွာ၊ ကောင်းအက်ကျေးရွာ၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်စော့ကျေးရွာနှင့် မန်စန်းရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ ဆောင်ရန် /ရှောင်ရန်များအားအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနှင့် ဖြူဘကျေးရွာတို့တွင်နေထိုင်သော ပြည်သူများအား Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန် များကိုအသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းထိပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁ -၂၀၂၀)ရက်နေ့ ၊ (၁၃:၁၀)နာရီအချိန်ခန့်တွင် မောင်တော-တောင်ပြိုကားလမ်းမပေါ်၌ ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲထိမှန်မှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်း၊ သာယာကုန်ကျေးရွာမှ သေဆုံးသူ(၃)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်အား (၁၈-၁၁-၂၀၂၀)ရက်နေ့တွင် ခရေမြိုင်ကျေးရွာမှ သေဆုံးသူ မိသားစုဝင်များထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_nov2020 Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ ရုံဆိပ်မြောက်ကျေးရွာ၊ ရုံးဆိပ်တောင်ကျေးရွာနှင့် ဂွေးကုန်းကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Quarantine ဝင်ရောက်လျက်ရှိသော ပြည်သူများနှင့် တာဝန်ကျ Volunteer အဖွဲ့များအတွက် Maskများပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဖျာပုံမြို့ပေါ်ရှိ Facility Quarantine Center အဖြစ်အသုံးပြုလျက်ရှိသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် Quarantine ဝင်ရောက်လျက်ရှိသော ပြည်သူများနှင့် တာဝန်ကျ Volunteer အဖွဲ့များအတွက် Mask အရေအတွက်(၁၈၀)ခုကို (၃:၀၀)နာရီအချိန်တွင် Covid-19 ကူးစက်ရောဂါထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ Facility Quarantine Center ရှိတာဝန်ရှိသူများလက်ဝယ်သို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more









