မိုင်းထိပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁ -၂၀၂၀)ရက်နေ့ ၊ (၁၃:၁၀)နာရီအချိန်ခန့်တွင် မောင်တော-တောင်ပြိုကားလမ်းမပေါ်၌ ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲထိမှန်မှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်း၊ သာယာကုန်ကျေးရွာမှ သေဆုံးသူ(၃)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်အား (၁၈-၁၁-၂၀၂၀)ရက်နေ့တွင် ခရေမြိုင်ကျေးရွာမှ သေဆုံးသူ မိသားစုဝင်များထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_otr
#rke_nov2020

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events