လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဖျာပုံမြို့ပေါ်ရှိ Facility Quarantine Center အဖြစ်အသုံးပြုလျက်ရှိသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် Quarantine ဝင်ရောက်လျက်ရှိသော ပြည်သူများနှင့် တာဝန်ကျ Volunteer အဖွဲ့များအတွက် Mask အရေအတွက်(၁၈၀)ခုကို (၃:၀၀)နာရီအချိန်တွင် Covid-19 ကူးစက်ရောဂါထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ Facility Quarantine Center ရှိတာဝန်ရှိသူများလက်ဝယ်သို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)