Latest News
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်မှ (၁၅:၃၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက် များအား ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ အောင်ဇမ္ဗူရပ်ကွက်၊ တဲကြီးကုန်းအုပ်စု၊ တဲကြီးကုန်းရွာ၊ ရှားတောရွာ၊ ဂုံမင်းအင်းရွာနှင့် အလျင်လိုအုပ်စု၊ အလျင်လိုရွာ အတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်းကို ထိရောက်စွာဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_nov2020 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀)ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်၊ ဟွေမုရွာ(၁)၊ ရွာ(၂)၊ ထမ်မောင်အထက်ရွာနှင့် အောက်ရွာတို့တွင် COVID-19 ကူးစက်ရောဂါ ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: မိုင်းပျဉ်းမြို့နယ်ယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀)ရက်နေ့၊ ညနေပိုင်းတွင် ရွာငံမြို့နယ်၊ လွှစင်ကျေးရွာနှင့် တောင်ပို့ကွဲရွာကျေးရွာတို့၌ COVID-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့ စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀)ရက်နေ့၊ (၀၆:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ မြင်းကျွန်းကျေးရွာအုပ်စု၊ မြင်းကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁)စုမှ ကျား(၂)ဦး မ(၃)ဦး၊ စုစုပေါင်း(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀/-)ကျပ်နှင့် ဓာတ်ဆား(၁၀)ထုပ်အား (၁၈-၁၁-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအချိန်ထိ ကျိုက်မရောမြို့နယ်၊ဘိန်းဗျောကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် ပြည်သူများအား လိုက်လံအသိပေး ကြေညာခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀)ရက်နေ့ နံနက်(၀၈း၃၀)အချိန်တွင် ကျောက်မဲမြို့၊ မွေတော်ကျေးရွာ၊ ကောင်းအက်ကျေးရွာ၊ မိုင်းတင်းကျေးရွာအုပ်စု၊ နမ့်စော့ကျေးရွာနှင့် မန်စန်းရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)









