လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀)ရက်နေ့ ပုလောမြို့နယ်၊ ပြည်ခြား ကျေးရွာ အုပ်စု၊ ပြည်ခြားကျေးရွာတွင် မီးဘေးကြောင့်ပြိုကျ ပျက်စီးသွားသည့် အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆)ဦးအတွက် ဆန်ဖိုး (၇)ရက်စာ (၁၂,၆၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးတို့ကို (၂၃-၁၁-၂၀၂၀)ရက်နေ့ နေ့လည်(၁၂:ဝဝ) အချိန်တွင် ပလောက်မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။